SR1
Home/လုပ်ဆောင်ချက်များ/အမှတ် (၁) အထူးတပ်ရင်း (SR-1) ၏ (၄) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

အမှတ် (၁) အထူးတပ်ရင်း (SR-1) ၏ (၄) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

အမှတ် (၁) အထူးတပ်ရင်း (SR-1) ၏ (၄) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား
၁။ ယနေ့ကျရောက်သော ဒီဇင်ဘာ၂၅ ရက်၊ ၂၀၂၅ ခုနှစ်သည် အမှတ် (၁) အထူးတပ်ရင်း (SR-1) ၏ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် နှစ်ပါတ်လည်နေ့ ဖြစ်ပါသည်။ ၂။ တပ်တည်ထောင်ခဲ့သည့် အစောပိုင်းကာလများတွင် လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ စားနပ်ရိက္ခာ၊ စစ်ဝတ်တန်ဆာမပြည့်စုံခြင်းနှင့် အခက်အခဲပေါင်းများစွာကို ရဲဘော်ရဲဘက်များ၏ သတ္တိ၊ ယုံကြည်ချက်နှင့် စည်းလုံးညီညွတ်မှုတို့ဖြင့် ရင်ဆိုင်ခဲ့ကြပါသည်။ ၃။ တပ်ရင်းစတည်ထောင်သည်မှစ၍ ယခုအထိ ဆက်လက်ရပ်တည် တိုက်ပွဲဝင်နိုင်သည်မှာ ရဲဘော်ရဲဘက်များ၏ စွန့်လွှတ်စွန့်စား အနစ်နာခံမှု၊ ပြည်သူလူထု၏ ကူညီထောက်ပံ့အားပေးမှုတို့ကြောင့် ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သည့် တိုက်ပွဲများမှ ယနေ့ (၄) နှစ်ပြည့်မြောက်သည်အထိ အမှတ် (၁) အထူးတပ်ရင်း (SR-1) သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် စစ်ဆင်ရေးတိုင်းတွင် အောင်လံလွှင့်ထူနိုင်ခဲ့ပါသည်။ ၄။ တော်လှန်ရေးအစမှ ယခုအထိ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့​ရသောအာဇာနည် ရဲဘော် (၃၇) ဦး ရှိခဲ့ပြီး ၎င်းတို့၏မိသားစုဝင်များနှင့်တကွ အသက်၊ အချိန်၊ ဘဝ၊ ငွေကြေး စသည်တို့ကိုမငဲ့ကွက်ဘဲ ပေးဆပ်ခဲ့ကြသူများ အားလုံးကို ဤနေရာမှအလေးအမြတ်ပြု ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ ၅။ အထူးသဖြင့် တော်လှန်ရေးခရီး လမ်းခုလတ်တွင် အသက်ပေးခဲ့ကြသော ရဲဘော်များ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသော ရဲဘော်များကို မမေ့မလျော့ သတိရလေးစားလျက် သူတို့၏ စွန့်လွှတ်မှုများကို မိမိတို့၏ တာဝန်အဖြစ် ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ပါသည်။ ၆။ ဤ (၄) နှစ်​​ပြည့် နှစ်ပါတ်လည်နေ့မှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ ရောက်ရှိသည်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဋ္ဌာန်များကို ရင်ဝယ်ပိုက်ကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု အခိုင်အမာ ကတိသစ္စာပြုအပ်ပါသည်။ SpecialRegimentOne #SR1 #အမှတ်(၁)အထူးတပ်ရင်း
← ပြန်သွားရန် လုပ်ဆောင်ချက်များ